၁၄ ဇန်နဝါရီ

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ နှင်းဆီ(၃)လမ်းတွင် ယနေ့ နံနက် ၄ နာရီ ၂ မိနစ်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မော်လမြိုင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မော်လမြိုင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။

 

MDN

ဓာတ်ပုံ- Myanmar Fire Services Department