မော်လမြိုင်   စက်တင်ဘာ   ၂၅

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကော့ခနိကျေးရွာ အေးချမ်းအောင် လယ်ယာနှင့်  အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ဧက  ၃၇၅ ဧကတွင် ပျိုးထောင်စနစ်ဖြင့်  စိုက်ပျိုးထားရှိသော ရွေတစ်ဆုပ်အထွက်တိုး   မျိုးစပါးစိုက်ပျိုးထားရှိမှုကို   သမဝါယမဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်ရုံးမှ  ညွှန်ကြားရေးမှူး  ဦးဉာဏ်ဝင်းမောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး  သွင်းအားစုမြေဩဇာများ အချိန်ကာလအလိုက် စနစ်တကျ မှန်ကန်စွာ ထည့်သွင်းနိုင်ရေး၊ စိုက်ခင်းများအတွင်း ပိုးမွှားများမကျစေရေး၊ ပေါင်းမြက်များမဖြစ်ပေါ်စေရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ နည်းပညာလိုအပ်ချက်အတွက် သက်ဆိုင်ရာဌာနများနှင့်   ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊  သီးနှံများထွက်ရှိချိန် ဈေးကွက်ရရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                                        

စည်သူ(ပြန်/ဆက်)