မော်လမြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာ၌  ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး 

နေပြည်တော် ၂၉  အောက်တိုဘာ 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာ၌ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် သောက်သုံးရေ ရရှိရေးလုပ်ငန်းသုံးခုကို ရိုးဂိုး၊ မင်းရွာ၊ ကော့တွန်း (ကွင်းပိုင်) စသည့် ကျေးရွာသုံးရွာတွင်လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကို ကျေးရွာ ၁၀ ရွာတွင်လည်းကောင်း၊ Cash for Work စီမံကိန်းလုပ်ငန်းကို ကော့ခပိုကျေးရွာနှင့် ကတိုးကျေးရွာတွင်လည်းကောင်း၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ကို ကော့လှာကျေးရွာတွင်လည်းကောင်း၊ စုစုပေါင်းကျေးရွာ ၁၆ ရွာ၌ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် ၂၀၄ ဒသမ ၉ သန်း၊  ပြည်သူထည့်ဝင်ငွေ ကျပ် ၉ ဒသမ ၀၄ သန်း စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၁၃ ဒသမ  ၉၄ သန်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

ဂျိုင်းလော(သတင်းစဉ်)