မော်လမြိုင် စက်တင်ဘာ ၂၂
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ အခွန်ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင် တက္ကသိုလ်၌ ကျင်းပသည်။
ဦးစွာ ဟောပြောပွဲတွင် မော်လမြိုင်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာခင်ခင်ဌေးက အမှာစကားပြောကြားပြီး ပြည်တွင်း အခွန်များ ဦးစီးဌာန မွန်ပြည်နယ်ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီက အခွန်ဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောပို့ချသည်။
လက်ဆောင်ပစ္စည်းများ ပေးအပ်
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား၍ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


