မော်လမြိုင် စက်တင်ဘာ ၂၄
မော်လမြိုင်မြို့နယ်၌ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ မြန်မာ့သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် မော်လမြိုင်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းက ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းခြင်းအကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု အခြေအနေများ၊ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ထိန်းသိမ်းရန်အတွက် သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးရခြင်းအကြောင်းတို့ကို အသိပညာပေးပြောကြားသည်။
ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်ဇော်လတ်က မြန်မာ့သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအကြောင်း၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများ၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


