မော်လူး ၁၅  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့တွင် ဧပြီ ၁၅ရက် မွန်းလွဲ ၂ နာရီ ခန့်က အချိန်အခါမဟုတ် လေပြင်းမုန်တိုင်းငယ်နှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လူနေအိမ် ၃၀ ကျော် ခေါင်မိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

"ဒီကနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်လောက်က မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့လို့ လူနေအိမ် ၃၀ ကျော် အမိုးတွေ ပျက်စီးခဲ့တာပါ။ သက်ဆိုင်ရာ အင်းတော်မြို့ အုပ်ချုပ်ရေးမှူးထံကိုလည်း တင်ပြထား ပါတယ်။ ပျက်စီးမှုတွေကိုတော့ အတိအကျသိဖို့  ကွင်းဆင်းပြီး စာရင်းကောက်ယူနေပါတယ်"  ဟု မင်းချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်ထံမှ သိရသည်။

 

mdn

 

"နေ့လယ် ၂ နာရီ ၂၀ မိနစ်က တိုက်ခတ်တဲ့ လေနီကြမ်းကြောင့် လူနေအိမ်ခေါင်မိုး၊ တိုက်တန်းက ဆိုင်ခန်းတစ်ချို့၊ ကွက်သစ်က နေအိမ်ခေါင်မိုးတစ်ချို့ ပျက်စီးခဲ့ပါတယ်" ဟု  မော်လူးမြို့ အား/ကာ တိုက်တန်းမှ ကိုချိတ် (ခိုင်ဝင်းလဲ့ကွန်ပျူတာ) က ပြောပြသည်။

 

အဆိုပါလေပြင်းမုန်တိုင်းငယ် တိုက်ခတ်မှုကြောင့် မော်လူးမြို့ပေါ် ၆ ရပ်ကွက်တို့တွင် နေအိမ်ခေါင်မိုး အလုံး ၃၀ ကျော် ပျက်စီးခြင်း လျှပ်စစ်ဓါတ်မီးတိုင် ၁ တိုင် ကျိုးကျ၍ လျှပ်စစ်မီး ယာယီပြတ်တောက်ခြင်း၊ တစ်ထပ်တိုက်ဈေးဆိုင်ခန်းများ၊ ၂ ထပ်တိုက် ခေါင်မိုးများ ပွင့်ထွက် ပျက်စီးခဲ့ကြောင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာပြုံး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း အင်းတော်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်းအဖွဲ့နှင့် တာဝန်ရှိသူများ၊ မော်လူးမြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

နီတိုး

 

mdn