မော်လမြိုင်  ၂၆  မတ်

ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းကို ယနေ့ နံနက် ၈ နာရီက မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အခမ်းအနားသို့ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် မုပွန်ရပ်ကွက်မှ ပြည်သူလူထုများ စုစုပေါင်း (၃၀ဝ)ဦးခန့်က ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို မွန်းလွဲ ၁၂ နာရီခွဲအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ လေ့ကျင့်ခန်းကို မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

MDN