မောင်းသူမဲ့မော်တော်ယာဉ်များ အီလက်ထရောနစ် ဆိုက်ဘာတိုက်ခိုက်မှုကို ဂျပန်ရဲတပ်ဖွဲ့ လေ့လာမှုပြုမည်

၂၄ ဒီဇင်ဘာ
 
ဂျပန်ရဲတပ်ဖွဲ့က မောင်းသူမဲ့မော်တော်ယာဉ်များတွင် အီလက်ထရောနစ် ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်နိုင်သည့် အမှုများကို ကိုင်တွယ်ဖြေရှင်းရန် လေ့လာမှု စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း  သိရသည်။
 
ဂျပန်အမျိုးသားရဲတပ်ဖွဲ့ အေဂျင်စီက ဘဏ္ဍာရေးနှစ် ၂၀၁၉ ခုနှစ် လာမည့် ဧပြီလတွင် ထိုကဲ့သို့သော ပြစ်မှုများကို စုံစမ်းရှာဖွေရေး နည်းလမ်းများကို  စတင်လေ့လာမည်ဖြစ်သည်ဟု ဆိုသည်။
 
အဆိုပါ အစီအစဉ်သည် အမြန်လမ်းများပေါ်၌ ၂၀၂၀ ခုနှစ်တွင် မောင်းသူမဲ့စနစ်များ အပြည့်အဝလုပ်ဆောင်ဖို့ ယာဉ်မောင်းများကို ခွင့်ပြုရန်  အစိုးရနှင့် သဘောချင်းထပ်တူ  လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ စက်ဖြင့် ထိန်းချုပ်မောင်းနှင်ခြင်းကို ခွင့်ပြုရန် မူကြမ်း ပြန်လည်ပြင်ဆင်သည့် လမ်းအသွားအလာဥပဒေကို ဂျပန်အမျိုးသားရဲတပ်ဖွဲ့ အေဂျင်စီက ထုတ်ပြန်ခွင့်ပြုပြီးဖြစ်သည်။
 
ယာဉ်သွားလာမှုဆိုင်ရာ အွန်လိုင်းသတင်းအချက်အလက်နှင့် မြေပုံများ ရယူမည့် မောင်းသူမဲ့ မော်တော်ယာဉ်များကို ဦးတည်သည့် အခြား ဆိုက်ဘာတိုက်ခိုက်မှုများနှင့် အချက်အလက်များ ရယူနှောင့်ယှက်သည့် ဟက်ကာတို့၏ အန္တရာယ်ကို ၎င်းအေဂျင်စီက ကိုးကားဖော်ပြထားသည်။
 
ထိုအေဂျင်စီက အလိုအလျောက်မောင်းနှင်သည့် ယာဉ်များအပေါ် အချက်အလက် ခွဲခြမ်းစိတ်ဖြာရေး နည်းလမ်းများကို လာမည့်ဘဏ္ဍာနှစ်တွင် သုတေသန ပြုလုပ်ရေးအတွက် ယန်း ၇ သန်း သတ်မှတ်ခဲ့သည်ဟု ဆိုသည်။
 
ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို