မောင်တော ၉ ဖေဖော်ဝါရီ
ရခိုင်ပြည်နယ် မောင်တောခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဖြိုးဝေ၊ မြို့မစည်ပင်သာယာရေး ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၇ နာရီက မောင်တောမြို့ မြို့မစည်ပင်သာယာဈေးကြီးပတ်လည် ရေမြောင်းများ၊ ပန်းပင်၊ ပေါင်းပင်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးတွင် စုစုပေါင်းအင်အား (၇၅)ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
သက်လွင်စိုး(ပြန်/ဆက်)


