မောင်တောမြို့၌ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စီမံကိန်းမိတ်ဆက်ခြင်းနှင့် အကြံဉာဏ်များရယူခြင်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ စီမံကိန်းမိတ်ဆက်ခြင်းနှင့် အကြံဉာဏ်များ ရယူခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းအေးကျော်က ဦးစီးဌာန၏ လုပ်ဆောင်ချက်နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး (CERA) Community Empowerment Resilience Association အဖွဲ့ ဒါရိုက်တာ ဦးကျော်နိုင်စိုး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးထွန်းရွှေခိုင်၊ မောင်တောမြို့နယ်   ကြက်ခြေနီအသင်း တာဝန်ခံ ဦးဝင်းနိုင်၊ Malteser အဖွဲ့အစည်း စီမံကိန်းမန်နေဂျာ ဒေါ်နွဲ့ရီတို့က ဌာန၊  အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များအား ရှင်းလင်းဆွေးနွေးကြပြီးနောက် တက်ရောက်လာသူများက  အပြန်အလှန် မေးခွန်းမေးမြန်း၊ ဖြေကြားခြင်းနှင့် သုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မောင်တောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ INGO အဖွဲ့အစည်း   Maltese၊ CERA အဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းစဉ်များအား  သိရှိနိုင်စေရန်နှင့် အကြံဉာဏ်များရယူပြီး စီမံကိန်း၌ ထည့်သွင်း စဉ်းစားနိုင်စေရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ(၈) ခု၊ INGO အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ စုစုပေါင်း (၄၁) ဦး  ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခရိုင်( ပြန်/ဆက်)