၂၁ ဖေဖော်ဝါရီ
အိန္ဒိယနိုင်ငံတစ်ဝန်းမှာ အမျိုးသမီးများအတွက် လုံခြုံသန့်ရှင်းတဲ့ သန့်စင်ခန်း ရှားပါးမှုတွေနဲ့ ရင်ဆိုင် နေပါတယ်။ ကောလိပ်ကျောင်းသူ စူဗာနာ တစ်ယောက် ပန်းရောင်ကားပေါ်မှာ အမျိုးသမီး သန့်စင်ခန်းကို တွေ့တော့ အင်မတန်အံ့အားသင့်သွားကြောင်း ပြောပါတယ်။
ပန်းရောင်ကားပေါ်က အမျိုးသမီးသန့်စင်ခန်းကို သုံးစွဲခ အိန္ဒိယငွေ ငါးရူပီ ပေးရပြီး ကားပေါ်မှာပါရှိတဲ့ ဝန်ဆောင်မှုတွေကို သုံးဆောင်နိုင်ပါတယ်။ ကားပေါ်မှာ ကလေးနို့တိုက်နိုင်ခြင်း၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းဝယ်နိုင်ခြင်း၊ ကလေးတွေအတွက် diaper ဝင်နိုင်ခြင်းတွေပါလုပ်နိုင်ကြောင်း သိရပါတယ်။
ပန်းရောင်ကားပေါ်က အမျိုးသမီးသန့်စင်ခန်းကို ၂၀၁၆ ခုနှစ်က စွန့်ဦးတီထွင်သူနှစ်ဦးဖြစ်တဲ့ ယူကာနဲ့ ရာဂျစ်တို့က စတင်ခဲ့တာဖြစ်ပါ။ စွန့်ဦးတီထွင်သူ နှစ်ဦးထဲက ယူကာက ကျန်းမာရေးကောင်းမွန်အောင် ရည်ရွယ်ပြီး ဆောက်လုပ်တာဖြစ်ကြောင်း၊ အမျိုးသမီးတိုင်းဟာ သန့်ရှင်းလုံခြုံတဲ့ သန့်စင်ခန်း သုံးစွဲနိုင်ခွင့် အခြေခံအခွင့်အရေးရမယ်ဆိုတဲ့ အချက်ကြောင့် လုပ်ဆောင်တာဖြစ်တယ်လို့ပြောပါတယ်။
ဘတ်စ်ကားခေါင်မိုးမှာ နေရောင်ခြည်သုံး စက်တွေပါရှိပါတယ်။ သန့်စင်ခန်းမှာ သက်တောင့်သက်သာရှိမယ့် အပူချိန်ပေးနိုင်အောင်မှာ စောင့်ကြည့်ခြင်းတွေပါ ပါဝင်တဲ့ ဝန်ဆောင်မှုနဲ့အတူ သန့်ရှင်းတဲ့ အိမ်သာများနဲ့ ရုပ်မြင်သံကြားစက်ပါ ပါရှိတာကိုတွေ့ရပါတယ်။
အမျိုးသမီးသန့်စင်ခန်းတစ်ခုကို လည်ပတ်အောင်လုပ်ဆောင်ပေးနေသူ အသက် ၄၀ အရွယ် မန်နီရှာ က အမျိုးသမီးတွေအတွက် အမျိုးသမီးတစ်ယောက် အလုပ်လုပ်ပေးရတဲ့အတွက် ဂုဏ်ယူတယ်။ ဒီဒေသမှာ အများသုံးအိမ်သာ အလုံအလောက်မရှိတဲ့အတွက် သန့်စင်ခန်းကို ရောက်ရှိလာသူအမျိုးသမီးတွေက သူ့ကို ကျေးဇူးတင်ကြတယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ်မိုဒီက “Clean India” သန့်ရှင်းသော အိန္ဒိယဖြစ်လာရေးအစီအစဉ်အတွက် အိမ်သာပေါင်း သန်းချီပြီး ဆောက်လုပ်ထားပါတယ်။ ဒါပေမယ့် လျှပ်စစ်မီးနဲ့ ရေအလုံအလောက်မရှိတဲ့အတွက် သန့်စင်ခန်းအများစုဟာ အသုံးမပြုရသေးကြောင်း ပညာရှင်တွေက ပြောပါတယ်။ ဒေသတွင်း အစိုးရတွေက အများသုံးအိမ်သာတွေကို ထိန်းသိမ်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေဆဲဖြစ်ပါတယ်။
MDN
ကိုးကားAFP


