ဖလမ်း ၃၀ မတ်
မြေလွတ် မြေလပ် မြေရိုင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဖလမ်းမြို့ YCC ခန်းမ၌ ပြုလုပ်သည်။
အသိပညာပေးဆွေးနွေးပွဲတွင် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက မြေစာရင်းပုံစံ(၁၀၅/၁၀၆)၊ မြေပေးမိန့်၊ မြေငှားဂရန်အကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် Dr. Sue Mark က မြေလွတ် မြေလပ် မြေရိုင်းဆိုင်ရာ ရှင်းလင်းပြောကြားချက်များကို သိက္ခာတော်ရဆရာ ထောင်းဘိခ်က ချင်းဘာသာဖြင့် ဘာသာပြန် ဆွေးနွေးပြောကြားပြီး ဆလိုင်းငယ်ပီးသျှန်းအုပ်ထန်းက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း အသိပညာပေးရှင်းလင်းသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက မရှင်းလင်းသည့်အချက်များ၊ သိရှိလိုသည့် အချက်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးသည်။ ဆွေးနွေးပွဲတွင် ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ CISS ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ဂျွန်


