ဂန့်ဂေါ ၂၇ မတ်
ဂန့်ဂေါမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူး၍ မွေးမြူရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဖွင့်ပွဲကို မတ် ၂၆ ရက် နံနက်က ဂန့်ဂေါခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက အမှာစကား ပြောကြားသည်။
ဒီသင်တန်းမှာ “ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်ခြင်း၊ ပဋိဇီဝဆေးနှင့် ဓာတ်ကြွင်းအန္တရာယ်၊ တိရစ္ဆာန်ကျန်းမာရေးနှင့် အသားစစ်ဆေးခြင်း၊ ကာကွယ်ဆေးများ၊ တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သော ရောဂါများ၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း စတဲ့ ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာတင်လှိုင်ဝင်း က ပြောသည်။
သင်တန်းသို့ ကျေးရွာ ၂၀ မှ သင်တန်းသား ၂၀ တို့ တက်ရောက်ကြပြီး သင်တန်းကာလ ၂ ရက်ဖြစ်ကြောင်း ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


