မြေငလျင်သတင်း

နေပြည်တော် ၁၆ ဇန်နဝါရီ


ယနေ့ မြန်မာစံတော်ချိန် ၂ နာရီ၊ ၂၇ မိနစ်၊  ၃၅  စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် (၅၀)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (‌မော်လိုက်မြို့၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၃.၄၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၁) ဒီဂရီ၊ အနက် (၂၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။


MDN