နေပြည်တော် ၁၁ ဇန်နဝါရီ

 

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၅၄)မိနစ်၊ (၁၀) စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၅၈)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း (ကာမိုင်းမြို့၏ အနောက်တောင်ဘက် (၁၅)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၃၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၇) ဒီဂရီ၊ အနက် (၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

MDN