အေသင် ၄ ဇန်နဝါရီ
မြေထဲပင်လယ်အရှေ့ပိုင်းမှ ဥရောပသို့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမည့် ကိစ္စကို အစ္စရေးနိုင်ငံက ဂရိ၊ ဆိုက်ပရပ်စ်နိုင်ငံတို့နှင့် သဘောတူစာချုပ်တစ်ရပ် ချုပ်ဆို ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါသုံးနိုင်ငံသည် ဇန်နဝါရီ ၃ ရက်က ဂရိမြို့တော် အေသင်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယခုလို လုပ်ငန်းစဉ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ ခြင်းသည် အစ္စရေး၏ ဓာတ်ငွေ့ထုတ်ယူပြီး ဥရောပနိုင်ငံများသို့ တင်ပို့မည့်ကိစ္စကို ကူညီပေးရန် ရည်ရွယ်ကြောင်း သိရသည်။
ဥရောပနိုင်ငံများကလည်း ဓာတ်ငွေ့ထောက်ပံ့မှုကို ရုရှားတစ်နိုင်ငံတည်းကပဲ အားမကိုးဘဲ အခြားလမ်း ကြောင်းအမျိုးမျိုးဖြင့်ရရှိရန် ယခုလုပ်ငန်းစဉ်က ကူညီပေးလျက်ရှိသည်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ၎င်းနိုင်ငံသည် ဓာတ်ငွေ့သိုက်ကြီးဖြစ်လာတော့မည် ဖြစ် ကြောင်းနှင့် သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ်းလွန်ရေနံရှာဖွေချင်သည့် တူရကီသည် အဆိုပါ အရေးတွင် အခက်တွေ့လျက်ရှိသည်။ လွန်ခဲ့သော နိုဝင်ဘာလက တူရကီနှင့် လစ်ဗျားကြားဖြတ်အစိုးရတို့သည် ပိုက်လိုင်းသွယ်မည့်ကိစ္စကို ဟန့်တားပိတ်ဆို့စေမည့် ၎င်းတို့၏ စီးပွားရေးဇုန်များကို သတ်မှတ်ခဲ့သည်။
မြေထဲပင်လယ်အရှေ့ပိုင်းတွင် ဓာတ်ငွေ့ထုတ်ယူ လုပ်ကွက်များ တိုးပွားလာခြင်းသည် ဒေသတွင်း တင်းမာမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း နိုင်ငံတကာရေးရာကျွမ်းကျင် သူများက သုံးသပ်ပြောကြား ထားသည်။
အင်န်အိတ်ခ်ျကေ၊ ဆင်ဟွာ


