မေတ္တာ  ၄  ဧပြီ

 

အိမ်တိုင်ရာရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး မေတ္တာမြို့တွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်းကို မေတ္တာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်  (၁)၊ (၂)၊ (၃) ရက်ကွက်များတွင် သုတ၊ ရသ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

MDN