မေတ္တာ   ၈  ဧပြီ      

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ပုံမှန်ကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံသော ကလေးများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်းနှင့် အာဟာရတိုက်ကျွေးခြင်းများကို ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မေတ္တာမြို့၊မြို့အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အမှာစကားပြောကြားပြီး ကျေးလက်ကျန်းမာရေး ဌာနခွဲမှ ဆရာမဒေါ်မြတ်သူမိုးက ရင်သွေးငယ်တို့၏ ကျန်းမာရေး အသိပညာပေးသိကောင်းစရာများအား ဆွေးနွေးပြောကြားခဲ့သည်။

 

1

 

ထို့နောက်ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ အာဟာရများတိုက်ကျွေးခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် မွေးကင်းစအရွယ်မှ အသက်(၁၈)လအထိရှိသော ကလေးငယ်များထဲမှ ပုံမှန်ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံသော ကလေးများအား မေတ္တာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု စည်းကမ်းထိန်းသိမ်းရေးနှင့် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ  ဒေါ်စုစုဝင်းနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့က ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြပြီး အထူးလက်ဆောင်အနေဖြင့် ကိုယ်အလေးချိန်မပြည့်သော ကလေးငယ်တစ်ဦးအား အာဟာရထောက်ပံ့ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

 

မေတ္တာ(ပြန်/ ဆက်)

 

1