ရန်ကုန် ဇန်နဝါရီ ၆
၂၀၂၅-၂၀၂၆ ရာသီ MFF ဖူဆယ်လိဂ်(၁)ပြိုင်ပွဲ ပွဲစဉ်(၃)ကို ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ကျင်းပရာ YCDC Dream Team၊ YRG အသင်းနှင့် Pacific Sun Far အသင်းတို့ သုံးပွဲဆက်အနိုင်ရရှိခဲ့သည်။
ပွဲစဉ်(၃)တွင် VUC အသင်းက Team Lions အသင်းကို သုံးဂိုး-နှစ်ဂိုး၊ M2K အသင်းက Chinland အသင်းကို ၁၃ ဂိုး-တစ်ဂိုး၊ MIU အသင်းက Gold Dream အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ Pacific Sun Far အသင်းက SGF အသင်းကို သုံးဂိုး-နှစ်ဂိုး၊ YCDC Dream Team အသင်းက TG United အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ YRG အသင်းက United City အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပြိုင်ပွဲဝင်အသင်းများအနက် YCDC Dream Team၊ YRG အသင်းနှင့် Pacific Sun Far အသင်းတို့မှာ သုံးပွဲဆက်အနိုင်ရခဲ့ပြီး လက်ရှိချန်ပီယံ MIU အသင်းမှာမူ ပထမဆုံးနိုင်ပွဲရရှိခဲ့သည်။
ပွဲစဉ်(၃) အပြီးတွင် YCDC Dream Team အသင်း၊ YRG အသင်းနှင့် Pacific Sun Far အသင်းတို့က ကိုးမှတ်စီ၊ M2K အသင်းနှင့် VUC အသင်းက ခြောက်မှတ်စီ၊ TG United အသင်းနှင့် MIU အသင်းက လေးမှတ်စီ၊ Gold Dream အသင်းနှင့် Team Lions အသင်းက သုံးမှတ်စီ၊ SGF အသင်း၊ United City အသင်းနှင့် Chinland အသင်းတို့က သုံးပွဲ စလုံးရှုံးကာ အမှတ်မရသေးပေ။
ရှိုင်းထက်ဇော်


