မန္တလေး ၉ ဖေဖော်ဝါရီ
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၉ လမ်းနှင့် ၉၀ လမ်း၊ ၄၄ လမ်းနှင့် ၄၅ လမ်းကြား၊ သပြေညွန့်ရပ်တွင် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီ ၄၃ မိနစ်က ဘုရားစင်ရှိ ရောင်စုံမီးစက်ြာတွင် လျှပ်စစ်ဝိုင်ယာကြိုးများ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၂ နာရီ ၃ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ထရံကာနှစ်ထပ်အိမ် နှစ်လုံး၊ ထရံကာ သွပ်တစ်ထပ်အိမ် တစ်လုံးနှင့် စူပါကပ်ဆိုင်ကယ် တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် Level – 2 အဆင့်သတ်မှတ်ကာ မီးသတ်ယာဉ် ၂၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ ရေသည်ယာဉ် ၅ စီး၊ သံန္ဓေ ၅၀ ဦး၊ အရံ ၁၀၀ ဦးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
တင်ဇာလှိုင် (ပြန်/ဆက်)


