မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း တိုင်းပြည် နျူကလီးယား တားဆီးပိတ် ဆို့မှုမြှင့်တင်ခြင်းမှာ ဝါရှင်တန်မှ မြောက်ကိုရီးယားအပေါ် ထားရှိသည့် မူဝါဒအပေါ် မူတည်ကြောင်း  ပြောကြားခဲ့သည်။

 

 

အာဏာရ အလုပ်သမားများ ဗဟိုကော်မတီ၏ လေးရက်ကြာ ကျင်းပသည့် အစည်းအဝေးပွဲကို  ယမန်နေ့ကအထိ  ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည်။

 

 

အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယားအရေး ဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတွင် ကင်က မိန့်ခွန်းပြောကြားခဲ့သည်။

 

 

ပြုံယမ်းမှ အမေရိကန်ပြည်ထောင်စုအား ထိန်းချုပ်နိုင်စွမ်းရှိသည့် စွမ်းအားရှိသည့် နျူကလီယား လက်နက်များ စဉ်ဆက်မပြတ်ထုတ်လုပ်နေနိုင်မှ မိမိတို့နိုင်ငံ၏ ရေရှည်လုံခြုံရေးကို အာမခံနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

မြောက်ကိုရီးယားနိုင်ငံအပေါ် အဟန့်အတားဖြစ်စေသည့်  အတိုင်းအတာနှင့် နက်ရှိုင်းမှုအပေါ် မူတည်ပြီး အနာဂတ်တွင် ထားရှိမည့် အမေရိကန်ပြည်ထောင်စု၏ သဘောထားအပေါ် စနစ်တကျ ညှိနှိုင်းရမည်ဖြစ်ကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်။

 

 

မဝေးတော့သည့် အနာဂတ်ကာလတွင် မြောက်ကိုရီးယားနိုင်ငံက ပိုင်ဆိုင်ထားသည့် မဟာဗျူဟာမြောက်သည့် လက်နက်အသစ်ကို ကမ္ဘာကြီးက မြင်တွေ့ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

5

 

 

မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုကြား မဆုတ်သာ မတိုးသာ အခြေအနေမှာ ကြာရှည်လာမည်ဟု ကင်က ပြောသည်။

 

ကင်ဂျုံအန်းက ကအမေရိကန်၏စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုမှုကို ထပ်မံပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားအပေါ်ထားရှိသည့် ရန်လိုသည့် မူဝါဒကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

 

 

ကိုးကား-အန်အိတ်ခ်ျကေ

ဘာသာပြန်-မေဇော်ထက်