မဟာသီယာရဲ့ ရွေးကောက်ပွဲ အောင်ပွဲ အကြောင်းကို ဘောလိဝုဒ် က ရုပ်ရှင်ရိုက်မယ်

၁ ဇွန်

 

ဘောလိဝုဒ် က ဒေါက်တာမဟာသီယာ မိုဟာမက်ရဲ့ မလေးရှားဝန်ကြီးချုပ် အဖြစ် တစ်ကျော့ပြန် နိုင်ငံရေးထဲ ပါဝင်လာပုံကို ဇာတ်လမ်း ရုပ်ရှင်အဖြစ် အသက်သွင်းတော့မယ်လို့ ဆိုပါတယ်။

 

ရုပ်ရှင်ဇာတ်ကားအမည်ကို “Malaysia's Saviour Mahathir” မလေးရှားရဲ့ကယ်တင်ရှင်မဟာသီယာ လို့   လျာထားပြီး ဟိန္ဒူလို ရိုက်ကူးမှာဖြစ်ပေမယ့် မလေး နဲ့ အင်္ဂလိပ် စကားပြောသံတွေလည်း ထည့်ပေးမှာလို့ သိရပါတယ်။

 

ဒီဇာတ်လမ်း ကျောရိုးဟာ ဒေါက်တာ မဟာသီယာရဲ့ အမှားအမှန်ကို ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ်ပညာရှိမှုနဲ့  ပထမအကြိမ် ဝန်ကြီးချုပ်သက်တမ်း ဆယ်စုနှစ် နှစ်ခုကျော် (၁၉၈၁- ၂၀ဝ၃) အတွေ့အကြုံ ကနေ နိုင်ငံတွင်းက ခြစားမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကနေ ရွေးကောက်ပွဲမှာ အနိုင်ရပုံကို တင်ပြထားတယ်လို့ အသက် ၇၃ နှစ်အရွယ် ဒါရိုက်တာ၊ သရုပ်ဆောင် ရာမန် ကူမာ က ပြောပါတယ်။

 

မလေးရှား သတင်းစာဆရာလည်း တွဲဖက်ပါမောက္ခလည်းဖြစ်တဲ့ အမ် ခရစ်နာမူးသီ (M Krishnamoorthy) ကို ဇာတ်ညွှန်းရေးဖို့ ကမ်းလှမ်းထားကြောင်း ရာမန် က ဆက်ပြောပါတယ်။ ဗြိတိန်၊ မွန်ဘိုင်း နဲ့ မလေးရှားနိုင်ငံတွေမှာ နေထိုင်တဲ့ သူက ဒီဇာတ်ကားကို ထုတ်လုပ်မှာလို့ သိရပါတယ်။ အဲဒီရုပ်ရှင်ထုတ်လုပ်ရေး ကနေ မလေးရုပ်ရှင် ၅ ကားအပါအဝင် ဇာတ်ကား ၁၀ ကားကို ထုတ်လုပ်ထားပြီးလို့ ဘနားမား သတင်းအရ သိရပါတယ်။

 

MDN

ကိုးကား - CNA.