ပုဗ္ဗသီရိ ၉  ဧပြီ  

 

နှစ်သစ်မဟာသင်္ကြန် အထိမ်းအမှတ်အကြို မူကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

 

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက ကလေးငယ်များ နွေရာသီ အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် တီထွင်ဖန်တီးမှု စွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပ ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပရာ ခေါင်းလောင်းသံ ကိုယ်ပိုင်မူလတန်းကျောင်းမှ မူကြိုကျောင်းသား ကျောင်းသူ ၂၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

 

ထို့နောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော ကလေးငယ်များအား မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ပုဗ္ဗသီရိ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN