မိုင်းယောင်း ၁၆ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မဟာသင်္ကြန်ရက်များအတွင်း ရှေးဟောင်းသမိုင်းဝင် ဘုရားများနှင့် ဝမ်တောင်းကျေးရွာအနီး နမ့်ယောင်းချောင်းရှိ ရေကစားရန် အပန်းဖြေနေရာများ၊ ဆိုင်ခန်းများတွင် ဧပြီ ၁၆ ရက် မဟာသင်္ကြန်(အတက်နေ့)က လာရောက်လည်ပတ်သူ များပြားခဲ့သည်။
နမ့်ယောင်းချောင်း အပန်းဖြေနေရာများနှင့် ဆိုင်ခန်းများတွင် ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားကြသော ဧည့်သည်များဖြင့် စည်ကားလျက်ရှိပြီး ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်မြတ်၊ ရှေးဟောင်းသမိုင်းဝင် ဗောဓိရွှေညောင်ပင်နှင့် ကော်လုန်းကျေးရွာအနီးရှိ ဈာန်ရကိုရင်ကြီး(ဖပီလုံပါဘုန်း) တောရကျောင်းတို့တွင်လည်း လာရောက်လည်ပတ်သူများ၊ ကုသိုလ်ပြုသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)


