နတ်တလင်း ၂၀ ဧပြီ

 

ယနေ့ မွန်လွဲ ၁၂ နာရီ မိနစ် ၅၀ ခန့်က ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တာပွန်နယ်မြေ ရဲစခန်းပိုင်ဖြစ်သော ပျဉ်းမကုန်းကျေးရွာအုပ်စု ကံတွင်းရွာရှိ  ဦးခင်မောင်လွင်၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ် (၈) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ချိုဦးနှင့် သန္ဓေအင်အား (၃၀)၊ အရန်မီးသတ်တပ်ဖွဲ့မှ (၂၀)၊ တာပွန်၊ နတ်တလင်း၊ ဇီးကုန်းမြို့တို့မှ မီးငြိမ်းသတ်ယာဉ် စုစုပေါင်း (၇) စီးနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ကြရာ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

 

မီးလောင်ရာသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင်၊ ရဲမှုးကျော်နိုင်၊ နယ်မြေစခန်းမှုး ရဲအုပ်အောင်ဇော်မိုးနှင့် တပ်ဖွဲ့ဝင်များ လာရောက်ကူညီပံ့ပိုကြကြောင်းနှင့် မီးလောင်မှုကြောင့် နေအိမ် (၈) လုံး အိမ်ထောင်စု (၈) စု မိသားစုဝင် စုစုပေါင်း (၂၇) ဦး မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်ပြည်သူများ ယာယီတည်းခိုရန် ၎င်းတို့၏ ဆွေမျိုးများနေအိမ်သို့ ရွှေ့ပြောင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည့် အိမ်ရှင် ဦးခင်မောင်လွင် (၄၆) နှစ်အား တာပွန်နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

တင်မြင့် (နတ်တလင်း)

 

mdn