၂၄  ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၈)ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် မင်းရဲကျော်စွာလမ်းဆုံတွင် မော်တော်ယာဉ် (၈)စီးကို ထပ်ဆင့်တိုက်မိခဲ့မှု ဒီဇင်ဘာ ၂၃ ရက်နေ့ ည ၉ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ  Honda အမျိုးအစား (၁၈)ဘီးယာဉ်သည် မီးပွိုင့်အရောက်တွင် အရှိန်လွန်ကာ ၎င်းရှေ့ရှိ အခြားမော်တော်ယာဉ်(၈)စီးကို ထပ်ဆင့်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေရာသို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လူ(၅)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံသို့  ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

MDN

Source - Myanmar Fire Services Department

 

80379705_2641992872607436_3659229535380963328_n

 

81229390_2641993015940755_984758640021864448_n