ဝိုင်းမော် ၂၆ ဖေဖော်ဝါရီ
ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဆီလီတောင်ရပ်တွင် ယနေ့နံနက် ၉ နာရီကျော်က မီးပလပ်ခုံအပူလွန်ကဲ၍ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဝိုင်းမော်မြို့နယ် မီးသတ်စခန်းမှ သိရသည်။
အဆိုပါ မီးလောင်မှုကို မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးကျော်စွာထွန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁၃)ဦးတို့က မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီးတို့နှင့်အတူ ဌာနဆိုင်ရာဝန်ထမ်း အဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ပြီး အိမ်ရှင် ဦးဒေါင်ခေါင်၏ နံကပ်၊ ထရံကာ (၂)ထပ်နေအိမ်မှာ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိန်ဝင်း(ပြန်/ဆက်)


