မော်လမြိုင် ၂၃ ဒီဇင်ဘာ
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယမန်နေ့ ညနေပိုင်းက မီးသတ်ယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က မော်လမြိုင်-ကျိုက်မရော ကားလမ်း အား/ကာသိပ္ပံနှင့် မြဆည်းဆာ ဘိုးဘွားရိပ်သာကြားတွင် ကျိုက်မရော လက်ပန်ကျေးရွာ မီးလောင်မှုအား သွားရောက်ကူညီ ဆောင်ရွက်ရာမှ ပြန်လာသော မီးသတ်ယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် မော်လမြိုင် မီးသတ်စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယာဉ်ကြောမပိတ်ဆို့စေရေး၊ မီးသတ်ယာဉ် ပြန်လည်ထောင်မတ်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇင်မိုးထံမှ သိရသည်။
မိုးသောက်(ရွှေဘို)


