၁၃ ဇန်နဝါရီ
မနီလာမြို့အနီးရှိ မီးတောင်ကပြာမှုန့်များ လေထဲသို့ မှုတ်ထုတ်နေခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံနှင့် အနီးအနားရှိ ဂူအမ်းကျွန်းသို့ အသွားအပြန်ပြုလုပ်မည့် လေကြောင်းလိုင်းအချို့ကို ဖျက်သိမ်းလိုက်ရသည်။
အဆိုပါ မီးတောင်ပေါက်ကွဲမှုသည် ယမန်နေ့ မွန်းလွဲပိုင်းက မနီလာမြို့၏ တောင်ဘက် ၆၀ ကီလိုမီတာ ကွာဝေးသည့် Taal မီးတောင်၏အနီးတွင် မီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ငလျင်နှင့် မီးတောင်လေ့လာရေးပညာဌာနက ပြောကြားခဲ့သည်။
လာမည့်ရက်အနည်းငယ်အတွင်း ပိုမိုကြီးမားသည့် မီးတောင်ပေါက်ကွဲနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။
ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်ပြီး ယခုအချိန်အထိ ထုတ်ပြန်ချက်တစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။
မနီလာမြို့အပါအဝင် ဧရိယာအတော်များသို့ မီးတောင်ပြာမှုန်များရောက်ရှိလျက်ရှိပြီး မီတာ ၁၅၀၀၀ သို့ မီးခိုးများ ပျံနှံ့လျက်ရှိသည်။
ယနေ့ နံနက်ပိုင်းတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ချော်ရည်များ ရုတ်တရက်စိမ့်ထွက်လာသည်ဟု ဆိုသည်။
တနင်္လာနေ့အတွက် စီစဉ်ထားသည့် လေယာဉ်ခရီးစဉ်ပေါင်း ၂၄၀ ကို ဖျက်သိမ်းခဲ့ပြီး မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း ပိတ်ထားခဲ့သည်ဟု ဆိုသည်။
လေယာဉ်မှ ပြာမှုန့်များကို ဖယ်ရှားရန် ကြိုးစားနေဆဲဖြစ်သောကြောင့် လေယာဉ်များထွက်ခွာမည့် အချိန်ကို ထပ်မံလျှော့ချမည်ဟု မျှော်လင့်ရကြောင်း လေယာဉ်အော်ပရေတာက ပြောကြားခဲ့သည်။
လေယာဉ်ပြေးလမ်းတွင် ပြာမှုန့်များ လွင့်ပျံ့နေခြင်းကြောင့် ဂူအမ်လေဆိပ်နှင့် လေယာဉ် ခရီးစဉ် ၁၄ ကို ချက်ခြင်းဖျက်သိမ်းခဲ့သည်ဟု ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


