မိန်းကလေးတွေကို ပညာသင်ကြားပေးဖို့ အာရုံစိုက်လာရန် ကရီနာကပူးပြော

၁၅ မေ

 

ဘောလိဝုဒ်စူပါစတား ကရီနာကပူးခန်းက အမျိုးသမီးတွေရဲ့ စွမ်းအင်ကို မြှင့်တင်ဖို့ဆိုရင် ပညာသင်ပေးခြင်းကသာ ကနေဦး ခြေလှမ်းလို့ ပြောလိုက်ပါတယ်၊ အသက် ၃၇ နှစ် ရှိပြီဖြစ်တဲ့ ကရီနာကပူးက ပညာသင်ကြားခြင်းနှင့် စွမ်းဆောင်ရည်ရှိခြင်းဟာ တိုက်ရိုက်အချိုးကျတယ်၊ ပညာတတ်လာခြင်းကြောင့် မိခင်တစ်ဦးရဲ့ တာဝန်ကိုလည်း ကောင်းကောင်း ထမ်းဆောင်လာနိုင်မယ်လို့ ပြောပါတယ်၊ မိခင်နဲ့ ကလေးငယ်တွေအတွက် ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဒီလိုပြောကြားခဲ့ခြင်း ဖြစ်တယ်၊ “မိန်းကလေးငယ်တွေကို ပညာသင်ကြား ပေးသင့်တယ်၊ အသက်မပြည့်ဘဲ ဆယ်ကျော်သက်နဲ့ ကလေး မွေးဖွားမယ်ဆိုရင် မိခင်ရော ကလေးပါ အန္တရာယ်ရှိနိုင်တယ်၊ တကယ်လို့များ ငယ်ရွယ်တဲ့ မိန်းကလေးတွေသာ အခြေခံပညာ တတ်မြောက်မယ်ဆိုရင် ဒီကိစ္စတွေကို ကျော်လွှားနိုင်မယ်” လို့ ပြောခဲ့ပါတယ်။ 

 

ဒါတွေအပြင် ကရီနာကပူးက မိန်းကလေးတွေ ပညာသင်ကြားရေးအတွက် ပိုပြီး အလေးထားသင့်ကြောင်း အမေတစ်ဦး ဖြစ်လာဖို့ဆိုရင် ကောင်းမွန်တဲ့ ထိန်းသိမ်း အုပ်ချုပ်မှုနဲ့ သင့်တင့်တဲ့ ပညာရေးစနစ်ရှိဖို့ လိုအပ်တယ်လို့ ကရီနာကပူးက ပြောပါတယ်၊ ကရီနာကပူးဟာ မိခင်တွေရဲ့ အခန်းကဏ္ဍ တင်မကပါဘူး၊ ဖခင်တွေရဲ့ အခန်းကဏ္ဍကိုလည်း ပြောပြခဲ့ပါတယ်၊ ဆာအစ်အလီခန်နဲ့ သူ့ရဲ့ပထမဦးဆုံး ကလေးတုန်းက ဆာအစ်ရဲ့ ကလေးကို ပြုစုပျိုးထောင်ပုံတွေကိုလည်း ပြောပြခဲ့ပါတယ်။ 

 

အနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ကတော့ ကျရာဇာတ်ရုပ်ကနေ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ ကရီနာကပူးကို Veere Di Wedding လို့အမည်ရတဲ့ ဟာသ ဇာတ်မြူးကားမှာ တွေ့မြင်ရဖို့ ရှိပါတယ်၊ အဲဒီဇာတ်ကားကို ၂၀၁၈ ဇွန်လအတွင်းမှာ ရုံတင်ပြသမယ်လို့လည်း သိရပါတယ်။ 

 

အီးတိုင်းမ်စ် 
ခြူး