MISS COSMOPOLITAN WORLD (2018) ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအလှမယ် စိုးရတနာထွန်း မလေးရှားနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်   ၃   အောက်တိုဘာ 

 

မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Cosmopolitan World (2018) တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအလှမယ် မစိုးရတနာထွန်းသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။ 

 

နိုင်ငံပေါင်း ၃၅ နိုင်ငံမှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်မည့် Miss Cosmopolitan World (2018) ကို မလေးရှားနိုင်ငံတွင် အောက်တိုဘာလ ၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသို့ အသက် ၂၁ နှစ်ရှိ မြန်မာစာ(တတိယနှစ်)ကျောင်းသူ Miss Cosmopolitan Myanmar (2018) Winner ဆုရှင် မစိုးရတနာထွန်းသည် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေဖြင့် ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။ 

 

မြန်မာ ပန်ထွာအကနှင့် ရှေးခေတ်စစ်သူကြီးများ စစ်ထွက်ဟန်ကို မြန်မာ့ကိုယ်ပိုင်ဟန်အဖြစ် တင်ဆက်သွားရန် ပြင်ဆင်ထားကြောင်း မြန်မာကိုယ်စားပြုအလှမယ်က ပြောကြားသည်။

 

“အကောင်းဆုံး အတတ်နိုင်ဆုံးတော့ ယှဉ်ပြိုင်မယ်။ အရင်နှစ်တွေက သွားခဲ့တဲ့အစ်မတွေလည်း ရလဒ် ကောင်းခဲ့တယ်။ ညီမလည်း ရလဒ်ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ဆုတွေတော့မှန်းထားတယ်။ အတိ အကျတော့ မပြောနိုင်သေးဘူး” ဟု မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်က လေဆိပ်မှမထွက်ခွာမီ ပြောကြားခဲ့ သည်။ 

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း