မြိတ် ၁၇ ဧပြီ
မြိတ်မြို့ရှိ မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင် ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/ အကျဉ်းသူ စုစုပေါင်း (၂၆၅) ဦးကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ယနေ့လွှတ် ပေးခဲ့ကြောင်း သိရသည်။
မြိတ်အကျဉ်းထောင်မှ အကျဉ်းသား (၁၄၉) ဦး၊ အကျဉ်းသူ (၃၇) ဦး စုစုပေါင်း (၁၈၆) ဦးကို ယနေ့မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ကျောက်ဖြူတောင် ကုန်ထုတ်စခန်းမှ အကျဉ်းသား (၇၉) ဦးကို ယနေ့နံနက်ပိုင်းတွင်လည်းကောင်း၊ လွှတ်ပေးခဲ့ပြီး တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြားကာ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားစုငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ်ပြန်/ဆက်)


