မြိတ် အောက်တိုဘာ ၂
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့(သက်ကြီးပူဇော်ပွဲ)ကို မြိတ်မြို့ တောင်သာယာ ဘိုးဘွားရိပ်သာ၌ ယမန်နေ့က အောင်ဘောဇနခန်းမ၌ ကျင်းပသည်။
ပူဇော်ပွဲတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ (သက်ကြီးပူဇော်ပွဲ) ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဘိုးဘွားများအား ကန်တော့ချိုးများဖြင့် ပူဇော်ကန်တော့ကြပြီး ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ကန်တော့ခံဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်ဩဝါဒစကားနှင့် ဆုတောင်းမေတ္တာပို့သသည်။
ပူဇော်ပွဲအပြီးတွင် ဘိုးဘွားများအား မြိတ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များက ကျန်းမာရေး စစ်ဆေးကုသပေးသည်။ ပူဇော်ပွဲတွင် ဘိုးဘွားရိပ်သာမှ ကန်တော့ခံ ဘိုးဘွား ၃၅ ဦးအား အဝတ်တစ်စုံစီ၊ စားသောက်ဖွယ်ရာများ၊ ကန်တော့ငွေကျပ် ၅၀၀၀၀ စီနှင့် မြိတ်မြို့ပေါ်ရှိ အသက် ၉၀ နှစ်နှင့်အထက် ဘိုးဘွား ၂၄၅ ဦးအား တစ်ဦးလျှင် ကန်တော့ငွေကျပ် ၅၀၀၀၀ စီ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ပေးအပ်ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


