မြိတ် ၈ ဧပြီ
မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်မှ ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် ရေကစားပွဲတော်ကို မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ကြီးမှူး၍ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အစဉ်အလာမပျက် ယဉ်ကျေးသိမ်မွေ့စွာ စည်းကမ်းတကျ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း အင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။
ယခင်နှစ်များကအတိုင်း ယခုနှစ်တွင်လည်း မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေးအတွက် ဗဟိုမဏ္ဍပ်ကို မြိတ်မြို့ ကန်ဖျားလမ်းမကြီး စည်ပင်ရုံးအရှေ့တွင် စတင်ဆောက်လုပ် လျှက်ရှိပြီး ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ရေကစားမာပ်ကို(ရွှေပေးလမ်းဆုံ)၊ ပိတောက်ရွှေစင် မဏ္ဍပ်ကို(မြို့သစ်ဦးမြတ်လေးလမ်းမကြီး)စသည် ရေကစားမဏ္ဍပ်ကြီး သုံးခုတို့တွင် မဟာသင်္ကြန် အကြို့နေ့မှ သင်္ကြန်အတက်နေ့အထိ သင်္ကြန်ယိမ်းအကအလှများ၊ သင်္ကြန်သီချင်းများနှင့်အတူ ခေတ်ပေါ်တေးသီးချင်းများဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရေကစားမဏ္ဍပ်များကို ရှမ်းချောင်းလမ်းမကြီး တစ်လျှောက်၊ ကန်ဖျားမြေနီလမ်းမကြီး တစ်လျှောက်နှင့် ကမ်းနားလမ်းတစ်လျှောက်တို့တွင်လည်း မဟာသင်္ကြန် ရေကစားမဏ္ဍပ်များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေရာအသီးသီးတွင် ဆောက်လုပ်လျှက်ရှိကြောင်း သိရသည်။
မြန်မာရိုးရာမဟာသင်္ကြန်ကာလအတွင်း မှုခင်းများမဖြစ်ပွားစေရန်အတွက်လည်း မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှပြည်သူများအား ရပ်ကွက်/ ကျေးရွာများအတွင်း အသိပညာပေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ မြိတ်မြို့တွင် မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍာပ်များကို မတ်လနောက်ဆုံးပတ်မှ စတင်ဆောက်လုပ်လျှက်ရှိရာ ပေ ၃၀ အထက်ရေကစားမဏ္ဍာပ်(၁၂) ခုနှင့် မဏ္ဍပ်အလတ်l အသေး ၃၀ ကျော်ရှိပြီး အင်္ကြန်ရက်မတိုင်မီအပြီး ဆောက်လုပ်လျှက်ရှိကြောင်းသိရသည်။
မြင့်ဦး(မြိတ်)


