နေပြည်တော် ၁၆   ဇန်နဝါရီ

 

တပ်မတော်နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၃ ရက်ညပိုင်းက မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၊ အဏ္ဏဝါရပ်ကွက်အတွင်း မြေပေါ်လွန်းကျင်း၌ ဆိုက်ကပ်ထားသော စက်လှေအားစစ်ဆေးရာ ၎င်းစက်လှေပေါ်တွင် သိန်းကျော်နိုင်(ခ)မောင်ရေနှင့် မျိုးဝင်းတို့အားတွေ့ရှိပြီး စက်လှေပေါ်မှ ကတ်တမင်း ၄၉၀ ကီလို၊ အိုက်စ် ၂၀၁ ကီလိုတို့ကိုလည်းကောင်း၊ ကွင်းဆက်အရ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ တည်းခိုခန်းတွင် တည်းခိုနေသူ မြင့်ဇော်၏အခန်းအားရှာဖွေရာ ဂျပန်နိုင်ငံလုပ်ဆက်သွယ်ရေးစက် တစ်လုံး၊ ဂြိုလ်တုဖုန်းတစ်လုံး၊ GPS တစ်လုံး၊ ဂက်စ်ပစ္စတိုသေနတ် ၁ လက်၊ ခဲယမ်းမျိုးစုံ ၂ တောင့်၊ သံလိုက် အိမ်မြှောင် ၁ ခု၊ မြန်မာငွေကျပ် ၈၅၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ ဆက်လက်၍ ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ ရွာမ(၂)လမ်း၊ ဒေါ်သိန်းရင်တန်းလျား၊ အခန်းအမှတ် (၁/၉၇)ရှိ မြင့်ဇော်၏နေအိမ်ခန်းကိုရှာဖွေရာ အင်ကို အားတွေ့ရှိရပြီး အိုက်စ် ၁ ကီလို၊ Icom အမျိုးအစား စကားပြောစက် ၁ လုံး၊ လက်လုပ်လေသေနတ် ၁ လက်နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

သတင်းစဉ်