မြိတ် စက်တင်ဘာ ၂၅

ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြိတ်မြို့နယ်ရှိ ကျေးရွာအဝင်လမ်းနှင့် ကျေးရွာချင်းဆက်လမ်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ထိုသို့စစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများသည် အရည်အသွေး စစ်ဆေးရေး အဖွဲ့ဝင်များနှင့်အတူ မြိတ်မြို့နယ် စလွန်းကျေးရွာ အဝင်လမ်း အရှည်(၀/၆ ဒသမ ၉၂)မိုင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းသစ် ခင်းခြင်းလုပ်ငန်း၊ တောင်ကြီး-တောင်ဖီလာ ကျေးရွာချင်းဆက်လမ်း အရှည်(၀/၅)မိုင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းသစ် ခင်းခြင်းလုပ်ငန်း၊ စလွန်း-တောင်ဖီလာကျေးရွာ ချင်းဆက်လမ်း အရှည်(၀/၄)မိုင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းသစ် ခင်းခြင်းလုပ်ငန်းနှင့် မရင်း ငယ်ဖျား-ရွှေဒူးလမ်း အရှည်(၀/၂)မိုင် အကျယ် ၁၂ ပေ ကွန်ကရစ် လမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)