မြိတ် ၁ ဧပြီ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မတ် ၃၁ ရက် ညပိုင်းက နေအိမ်၂ လုံး မီးလောင်ကျွမ်းခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့ရသည့် ပြည်သူများအား ယနေ့ နံနက်(၁၀)နာရီက လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီတို့မှ အားပေးစကားပြောကြား၍ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

666

 

မီးဘေးသင့်ပြည်သူများသည် အေးချမ်းသာယာရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင် လျက်ရှိကြပြီး မီးဘေးသင့်အိမ်ထောင်စု(၂)စုတွင် လူဦးရေ(၁၀)ဦးရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ 

 

333

 

မီးဘေးသင့်ပြည်သူများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးနှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်နှင့် တာဝန်ရှိသူများက မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အားပေးစကားများ ပြောကြားခဲ့ကြပြီး ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

မီးဘေးသင့်အိမ်ထောင်စု(၂)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ ဆန်ဖိုး(၂၁၀ဝ၀)ကျပ်နှင့် အိမ်ပိုင်ရှင်အတွက် ထောက်ပံ့ငွေကျပ် (၂)သိန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် မိသားစုသုံးအိမ်ဆောက် ပစ္စည်း(၁၁)မျိုး၊ မိသားစုသုံးပစ္စည်း(၁၃)မျိုး၊ တစ်ကိုယ်ရေသုံးပစ္စည်း(၁)စုံနှင့် အမျိုးသမီးသုံးပစ္စည်း(၁)စုံတို့ကို ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )