မြိတ် ၂၇ မတ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသားလူငယ်များအကြား ပရဟိတစိတ်ဓာတ် ပျိုးထောင်ပေးနိုင်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နွေရာသီလူငယ်ကြက်ခြေနီ စခန်းသွင်း သင်တန်းကို နှစ်စဉ်ဖွင့်လှစ် သင်ကြားပို့ချပေးလျှက်ရှိရာ ယနေ့ နံနက်ပိုင်းက (၅၂)ကြိမ်မြောက် နွေရာသီကြက်ခြေနီ စခန်းသွင်း သင်တန်းဆင်းပွဲကို အထက(၁)မြိတ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မတ်လ ၂၇ ရက်မှစတင်၍ မြိတ်မြို့နယ် ကြက်ခြေနီ အသင်းမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ကာ သင်တန်းသား (၂၁၆) ဦး တက်ရောက်သင်ယူခဲ့သည်။ သင်တန်းဆင်းပွဲတွင် မြိတ်မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ရှိန်မှ သင်တန်းဆင်း အမှာစကား ပြောကြားကာ မြိတ်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဆရာကြီးဦးလှမြင့်မှ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား သင်တန်းမှ ရရှိသည့် အသိပညာ အတတ်ပညာဖြင့် ပြည်သူအားထားရသည့် ကြက်ခြေနီသမားကောင်းများဖြစ်အောင် ကြိုးပမ်းသွားကြရန် အမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းတွင် ထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများမှ သင်တန်းဆင်း လက်မှတ်နှင့် ဆုများကို ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးစီးမှူး၊ ဒုတိယတန်း ဒေါ်အေးအေးသန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်မျိုးနိုင်(ပြန်/ဆက်)


