မိတ္ထီလာ ၁၈ ဧပြီ
မိတ္ထီလာခရိုင်အတွင်း သောက်သုံးရေအခက်အခဲဖြစ်နေသည့် ကျေးရွာများသို့ မီးသတ်ဦးစီးဌာနနှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် (မိတ္ထီလာ)၊ ဇော်လှိုင်း ဇာတ်သဘင်အဖွဲ့တို့ ပူးပေါင်း၍ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်း သောက်သုံးရေ ပြတ်လပ်မှု မရှိစေရန်နှင့် သောက်သုံးရေအခက်အခဲရှိလာပါက ခရိုင်မီးသတ်ဦးစီးဌာနမှ သွားရောက်လှူဒါန်းပေးလျှက်ရှိရာ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးဆောင်ပြီး သန္ဓေတပ်ဖွဲ့ဝင်များနှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်(မိတ္ထီလာ)တို့ ပူးပေါင်း၍ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် အိမ်ခြေ ၄၁ အိမ်၊ လူဦးရေ(၂၁၃)ဦးရှိ ညောင်ပင်လျှို ကျေးရွာအုပ်စု သရက်တန်းကျေးရွာသို့ မီးသတ်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေ ဂါလံ(၁၆၀ဝ)ကို လှူဒါန်းခဲ့သည်။
၎င်းအပြင် သောက်သုံးရေအခက်အခဲဖြစ်နေသော အိမ်ခြေ (၅၀ဝ) လူဦးရေ (၁၉၅၀)ဦးရှိသည့် ဝမ်းတွင်းမြို့နယ် ပန်းကြိုင်းကျေးရွာသို့ မီးသတ်ဦးစီးဌာနနှင့် ဇော်လှိုင်း ဇာတ်သဘင်အဖွဲ့တို့ ပူးပေါင်း၍ မီးသတ် ရေသယ်ယာဉ်တို့ဖြင့် သောက်သုံးရေ ဂါလံ (၄၈၀ဝ)ကို လှူဒါန်းပေးခဲ့ကြောင့် ခရိုင်မီးသတ်ဦးစီးမှူးမှ ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


