မိတ္ထီလာ  ၇   ဖေဖော်ဝါရီ

မိတ္ထီလာမြို့နယ် သပြေဝကျေးရွာထိပ် မြို့ရှောင်လမ်းမတွင် ဇန်နဝါရီလ ၆ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ မိတ္ထီလာမြို့နယ် သပြေဝကျေးရွာထိပ်  မြို့ရှောင်လမ်းမ မိုင်တိုင်အမှတ် (၃၁၇/၂)နှင့် (၃၁၇/၃)အကြား မန္တလေးဘက်မှ မိတ္ထီလာဘက်သို့ ယာဉ်မောင်း စိုးဝေဖြိုး(ခ)ကိုသူ မတ္တရာမြို့နယ်နေသူ မောင်းနှင်လာသည့် တွဲကားတစ်စီး နောက်တွဲပေါ်၌ ဘတ္ထရီအိုးအဟောင်းများထပ်၍ သယ်ဆောင်လာရာမှ ဘတ္ထရီအိုး အချင်းချင်းထိမိပြီး အက်စစ်များ ယိုဖိတ်ရာမှ သတ္တုဘူးခွံဟောင်း (ပုံစံတုံးများ)နှင့် ဓာတ်ပြုပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်ဖြစ်သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူတို့က မီးသတ်ယာဉ်(၄)စီးနှင့် ရေသယ်ယာဉ် (၁)တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး လူနှင့် တိရစ္ဆာန်များ သေဆုံးထိခိုက်မှု မရှိကြောင်း သိရသည်။
    
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မီးလောင်ကျွမ်းသည်အထိ ပေါ့ဆစွာမောင်းနှင်သူ စိုးဝေဖြိုး(ခ)ကိုသူအား အမှတ်(၃)နယ်မြေရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)