မိတ္ထီလာ ၂၁  ဧပြီ

 

မိတ္ထီလာရှိ အခြေခံပညာကျောင်းများ၌   ၂၀၁၈-၂၀၁၉ ပညာသင်နှစ် စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက် ၅ နာရီက စတင်ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

 

“ဒီနေ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းမှာမှာ ၂၀၁၈-၂၀၁၉  ပညာသင်နှစ် စာမေးပွဲ အောင်စာရင်းတွေ ထုတ်ပြန်ကြေညာတဲ့နည်းတူ

မိတ္ထီလာက ကျောင်းတွေမှာလည်း နံနက် ၅ နာရီမှ စတင်ပြီး စာမေးပွဲ အောင်စာရင်းတွေ ထုတ်ပြန်ကြေညာ ပေးထားပါတယ်။ တတိယတန်းကနေ နဝမတန်းအထိ အောင်စာရင်းက သင်ရိုးဟောင်း စာမေးပွဲအောင်စာရင်း ၊ ပထမတန်းနဲ  ဒုတိယတန်းက သင်ရိုးသစ် စာမေးပွဲအောင်စာရင်း အဲဒီလို ခွဲခြားပြီးတော့ စာမေးပွဲ အောင်စာရင်းကို ထုတ်ပြန်ကြေညာပေးတာ ဖြစ်ပါတယ်” ဟု မိတ္ထီလာမြို့နယ်မှ ပညာရေးဝန်ထမ်း တစ်ဦးဖြစ်သူ မူလတန်းကျောင်းအုပ် ဦးကျော်ဌေးက ပြောသည်။

 

အဆိုပါ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာသည့် ကျောင်းများသို့ စာမေးပွဲ ဝင်ရောက်ဖြေဆိုထားသည့် ကျောင်းသူ ကျောင်းသားများနှင့် ကျောင်းသားမိဘများ စိတ်ဝင်တစား လာရောက်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)