မြိတ် သြဂုတ် ၂၆
မြိတ်တက္ကသိုလ်တွင် သြဂုတ် ၂၅ ရက် မွန်းလွဲ ၃ နာရီက တက္ကသိုလ် Theater 2 အဆောင်တွင် လူငယ်နှင့်လောကနီတိ သင်တန်းကို တက္ကသိုလ်ဗုဒ္ဓ ဘာသာအသင်းက ကြီးမှူး၍ ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် မြိတ် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နေသွယ်ကြည်က သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်များ၊ သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းလျှောက်ထားသည်။ သင်တန်းတွင် လောကနီတိ၊ လောကသာရပျို့ (အမျိုးလေးပါးဆုံးမခန်း)၊ သိင်္ဂါ လောဝါဒဆုံးမစာ၊ ဂိဟိဝိနယ ဆုံးမစာ စသော သင်ခန်းစာများကို ဩဂုတ် ၃၁ ရက်အထိ ဖွင့်လှစ်မည် ဖြစ်သည်။
သင်တန်းကို ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူ ၁၃၈ ဦး တက်ရောက်ပြီး မြို့နယ် သံဃနာယကအဖွဲ့ အဖွဲ့ဝင် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဉာဏဝံသ စံကျောင်း ဆရာတော်ကသင်ကြား ပို့ချကာ ကျောင်းသား ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(မြိတ်)


