မိုဒီနှင့်ထရန့် ဖုန်းဖြင့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား အပြန်အလှန်ပြောကြား

၈ ဇန်နဝါရီ

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့သည် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို ဖုန်းဖြင့်အပြန်အလှန် ပြောဆိုခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် တရားဝင်ထုတ်ပြန်ချက်တစ်ခုက ယနေ့တွင် ပြောကြားသည်။

တနင်္လာနေ့က တယ်လီဖုန်းပြောဆိုမှုအတွင်း နှစ်နိုင်ငံခေါင်းဆောင်များက ပြီးခဲ့သည့်နှစ်အတွင်း အိန္ဒိယ- အမေ ရိကန် မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှုတွင် တိုးတက်လာမှုအပေါ် စိတ်ကျေနပ်မှုဖြစ်စေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

2+2 ဆွေးနွေးမှုစတင်ခြင်းနှင့် အိန္ဒိယ၊ အမေရိကန်နှင့် ဂျပန်ကြား ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပခြင်းကဲ့သို့သော ဖွံ့ဖြိုးတိုးတက်လာမှုများနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံခေါင်းဆောင်များက အသိအ မှတ်ပြုခဲ့ကြသည်။ 

နှစ်နိုင်ငံခေါင်းဆောင်များက ကာကွယ်ရေး၊ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ စွမ်းအင်နှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍  ညှိနှိုင်းဆောင်ရွက်ရေးတို့တွင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက် မှု  တိုးမြှင့်ခဲ့မှုကို အပြုသဘောရှုမြင်ခဲ့ကြသည်။ ၂၀၁၉ခုနှစ်အတွင်း အိန္ဒိယ- အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ကို ပိုမို ခိုင်မာအားကောင်းအောင်လုပ်ဆောင်ရေး အတူလက်တွဲဆောင်ရွက်သွားရန်လည်း သဘောတူခဲ့ ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။  

ကိုးကား -ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်

 

mdm