မပူတို  ဇန်နဝါရီ  ၉

မိုဇမ်ဘစ်နိုင်ငံ၌ အောက်တိုဘာလမှစကာ လက်ရှိမိုးရာသီဖြစ်ပွားနေချိန် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၈၅ ဦးထက်မနည်း သေဆုံးပြီး ၇၀ ဒဏ်ရာရရှိကြောင်း ဒေသတွင်းမီဒီယာ O Pais က ဖော်ပြထားသည်။

လူပေါင်း ၁၀၅၀၀၀ ကျော် ထိခိုက်ခံစား

အဆိုပါကာလအတွင်း     ဆိုးရွားသည့် ရာသီဥတုအခြေအနေကြောင့် လူပေါင်း ၁၀၅၀၀၀  ကျော်  ထိခိုက်ခံစားခဲ့ရကြောင်း၊ နေအိမ် ၉၈၅၁   လုံးမှာ   လုံးဝ သို့မဟုတ် တစ်ဝက်တစ်ပျက်ပျက်စီးခဲ့ပြီး အခြားနေအိမ် ၈၉၆၉ လုံးမှာ ရေကြီးနစ်မြုပ်သွားခဲ့ကြောင်း နိုင်ငံ၏ဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

လယ်ယာမြေ ဟက်တာ ၆၄၀၀ ကျော်မှာ ရေနစ်မြုပ်

စိုက်ပျိုးရေးကဏ္ဍ၌  လယ်ယာမြေ ဟက်တာ ၆၄၀၀ ကျော်မှာ ရေနစ်မြုပ်သွားခဲ့ပြီး ၁၇  ဒသမ  ၇  ဟက်တာခန့်   ဆုံးရှုံးသွားကာ လယ်သမား  ၂၈၆၆ ဦး ထိခိုက်ခံစားရကြောင်း သိရသည်။

မိုးရွာသွန်းမှုအမြင့်ဆုံးရောက်ရှိနေ

မိုဇမ်ဘစ်နိုင်ငံသည် လက်ရှိတွင် မိုးရာသီ၏ မိုးရွာသွန်းမှုအမြင့်ဆုံးရောက်ရှိနေပြီး အထူးသဖြင့် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင်  မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့အတွက် မကြာခဏသတိပေးချက်များ ထုတ်ပြန်ထားသည့် ကာလဖြစ်ကြောင်း သိရသည်။      

ဆင်ဟွာ