နေပြည်တော် ၁၁ ဇန်နဝါရီ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က မော်တော်ယာဉ်တစ်စီးမှ ဆိုင်ကယ်နှစ်စီးနှင့် ဓာတ်တိုင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျွန်းတောရပ်ကွက် ကျွန်းတောတံတားအနီးတွင် မိုးကောင်း-ကြာအင်းသို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးသည် ပြည်ထောင်စုလမ်းမပေါ် လားရာတူမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးနှင့် တိုက်မိ၍ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်လမ်းကြားမှ ထွက်လာသော ဆိုင်ကယ်တစ်စီးနှင့် ဓာတ်တိုင်အား ထပ်မံတိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါယာဉ်တိုက်မှုအား မိုးကောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ဆောင်ရွက်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
MDN
Ref: Myanmar Fire Services Department


