မိုက်ကယ်ဂျက်ဆင် အဖေ ဂျိုးဂျက်ဆင် ကွယ်လွန်

၂၈ ဇွန်

ကမ္ဘာကျော် အဆိုတော်၊ ပေါ့တေးဂီဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ ဖခင် ဂျိုးဂျက်ဆင် အသက် (၈၉) ကွယ်လွန်ကြောင်း မိသားစုဝင်တွေက အတည်ပြုပြောဆိုပါတယ်။ ဂျိုးဂျက်ဆင်ဟာ The Jackson 5 မိသားစုတေးဂီတ အဖွဲ့ကို တည်ထောင်ခဲ့တဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်ပါတယ်။

ဂျိုးဂျက်ဆင်ရဲ့ သားသမီး ၁၁ ဦးထဲက လာတိုရာ ဂျက်ဆင်က သူမရဲ့အဖေအကြောင်းကို “သူတို့အဖေက သူတို့ကို ကမ္ဘာမှာ ကျော်ကြားတဲ့ မိသားစုတစ်စု ဖြစ်လာဖို့အတွက် ခွန်အားတွေ ပေးခဲ့တယ်။ ကျေးဇူးအထူး တင်ပါတယ်။ အမြဲတမ်း ချစ်သွားမယ်”လို့ သူမရဲ့ တွစ်တာ အကောင့်မှာ ရေးသားထားပါတယ်။

ဂျိုးရဲ့ မြေး ရန်ဒီ ဂျက်ဆင်ကလည်း သူ့တွစ်တာမှာ “ဖြစ်နိုင်သလောက် အကုန်လုပ်ဆောင်ပေးတဲ့ ဘုရင်ကြီး အေးချမ်းစွာ အနားယူပါတော့၊ အဘိုးကို ချစ်ပါတယ်”လို့ ရေးသားထားပါတယ်။

မိသားစုက ဂျိုး သေဆုံးခဲ့တဲ့အပေါ် အကြောင်းအရာ အသေးစိတ်ကို ပြောမပြပေမယ့် ဖျော်ဖြေရေးသတင်းတွေ ဖြစ်တဲ့ TMZ နှင့် ET ကတော့ ဂျိုးဟာ ကင်ဆာရောဂါ နဲ့ ဗုဒ္ဓဟူးနေ့ မနက်က လော့အန်းဂျလိစ်မှာ ကွယ်သွားတယ် လို့ ဆိုပါတယ်။

ဂျိုးကိုယ်တိုင် ကလည်း မကွယ်လွန်မီ နှစ်ရက် အလိုမှာ သူ့ရဲ့ တွစ်တာအကောင့်မှာ “ နေဝင်ချိန်တွေကို မြင်ဖူးခဲ့တယ်ဆိုတာထက် ကြည့်ဖို့အတွက် ထွက်သွားရအုံးမယ်။ နေဝင်၊ နေထွက် ဆိုတာ အချိန်တန်ရင် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ နေဝင်၊ နေထွက်တွေက ဖြစ်နေမှာပါ”လို့ ရေးသားထားပါတယ်။

သားသမီး ၁၁ ဦးရဲ့ စည်းကမ်းတင်းကျပ်တဲ့ဖခင်၊ ဂရေးဒေသ က သံမဏိ လုပ်သားဟောင်းကြီး ဂျိုးဂျက်ဆင်ဟာ အင်ဒီယာနာပြည်နယ်ရဲ့ ဂီတ သမိုင်းမှာ မယုံကြည်နိုင်လောက်ကို ပြောင်းလဲပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် The Jackson 5 မိသားစုတေးဂီတ အဖွဲ့ကိုလည်း အောင်မြင်အောင် စီမံခန့်ခွဲနိုင်သူဖြစ်ပါတယ်။

ပေါ့တေးဂီဘုရင် မိုက်ကယ်ဂျက်ဆင်ဟာ  အသက် (၅၁)နှစ်အရွယ် ၂၀ဝ၉ ခုနစ် ဇွန်လ ၂၅ ရက်နေ့မှာ လေ့အန်ဂျလိစ် နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။

MDN

ကိုးကား- AFP