မိုးနဲ   ဇန်နဝါရီ   ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

မြို့နယ်အားကစားနှင့်   ကာယပညာ‌ဦးစီးဌာန  မြို့နယ်အားကစားမှူး ဒေါ်နန်းသန်းသန်းစိုး၏ ကြီးကြပ်မှုဖြင့် ဆရာ ဆရာမများ ပူးပေါင်းကာ   အားကစားပြိုင်ပွဲများ   ကျင်းပပေးခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများအား အသက်အရွယ်အလိုက် မီတာ ၁၀၀  ရိုးရိုးပြေး၊ ဇွန်းကိုက်၊ ဖယောင်းတိုင်ထွန်း၊  ၇၅ မီတာ ရိုးရိုးပြေး၊ အိတ်စွပ်၊ မီတာ ၅၀ ဖိနပ်ရွေး၊ အင်္ကျီရွေး၊ ရိုးရိုးပြေး အစရှိသည့် ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ က ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။                                                         

မျိုးညွန့်ရွှေ(မိုးနဲ)