မိုးနဲ   အောက်တိုဘာ   ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)  မိုးနဲ မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ  မဲစာရင်းများကို ပထမအကြိမ်အဖြစ်  သက်ဆိုင်ရာ ရပ်ကွက်၊  ကျေးရွာအုပ်စုများ အလိုက်ကပ်ထားကြေညာထားရှိပြီး မဲပေးပိုင်ခွင့်ရှိ မဲဆန္ဒရှင်ပြည်သူ များက မိမိတို့၏ အမည် ပါ/မပါ မဲစာရင်းများကို လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ မဲစာရင်းများ  ကပ်ထားကြေညာခြင်းကို      မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့       အပါအဝင် ရပ်ကွက်   ၁၂   ရပ်ကွက်၊  ကျေးရွာ အုပ်စု  ၁၄  အုပ်စုရှိ  မဲရုံ ၃၉ ရုံ၌ မဲဆန္ဒရှင်ပြည်သူများတွင်  မဲပေးပိုင်ခွင့်ရှိသူ  ၂၅၉၉၁  ဦးလျာထား ရာ မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေမှာ  ယနေ့အထိ ၁၇၃၄၃ ဦး လာရောက်ကြည့်ရှုခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)