မိုးနဲ ၃ ဧပြီ         

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်စာစစ်ဌာနတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၂ ရက်မှ ၈ ရက်နေ့အထိ ဥယျာဉ်ရပ်ကွက် ဘုန်းတော် ကြီးကျောင်းဓမ္မာရုံတွင်  မွန်းတည့် ၁၂ နာရီ မှ မွန်းလွဲ ၃ နာရီအထိ ဖြေဆိုတော် မူလျက်ရှိကြောင်းသိသည်။

 

ပါဠိပထမပြန် စာမေးပွဲဖြေဆိုရာသို့ မြို့နယ်သံဃနာယက ဆရာတော်၊ စာမေးပွဲကြီးကြပ်ရေး ဥက္ကဌ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြီးကြပ် ဆောင်ရွက်တော်မူကြပြီး ပါဠိပထမပြန် စာမေးပွဲကို လင်းခေး၊ မိုးနဲ၊ မောက်မယ်၊ မိုင်းပန်မြို့တို့မှ စာဖြေသံဃာ ပထမကြီးတန်းတွင် ခြောက်ပါး၊ ပထမလတ်တန်းတွင် လေးပါး၊ ပထမငယ်တန်းတွင် နှစ်ပါးနှင့် အခြေပြုမူလတန်းတွင် ၁၉ ပါး စုစုပေါင်း ၃၁ ပါး ဖြေဆိုလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)