မိုင်းအန္တရာယ်အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မိုင်းအန္တရာယ် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

 

ထိုသို့ပြောကြားရာတွင် မိုင်းအန္တရာယ်မှာ ဒုတိယကမ္ဘာစစ်မှစ၍ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ မိုင်းအန္တရာယ်ကြောင့် စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ သယံဇာတပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် နေရာ ကိုးခုတို့တွင် မိုင်းအန္တရာယ် ထိခိုက်ခံစား နေရသူများပြားစွာ တွေ့ရှိရပါကြောင်း၊ မိုင်းထိခိုက်မှု လျော့ပါးစေရန် မိုင်းအန္တရာယ်နှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊